ဆရာတော်၏ လုပ်ငန်းကိုသိရှိလာကြ၍ အထူးကုဆရာဝန်ကြီးများကပါ ဆက်သွယ်အကူအညီ ပေးလာကြသဖြင့် အချိန်နှင့် ဆရာဝန်ဦးရေ တိုးမြှင့်ကာ.....

ထပ်ဆင့်တိုးချဲ့သည့် အစီအစဉ်များမှာ (၇.၈.၀၆) မှစတင်၍ ရပ်ကွက်အလိုက် စုရပ်ထားရှိကာ အိမ်တိုင်ရာရောက် နယ်လှည့် ကုသပေးသော အားဖြင့် အပတ်စဉ် အင်္ဂါနေ့တိုင်း သုဝဏ္ဏ (၂၉) ရပ်ကွက် ကောက်လျင်လမ်း နှင့် ဒဂုံမြို့သစ် တောင်ပိုင်း နိကာယ်ငါးရပ်စာသင်တိုက် ဗုဒ္ဓဟူးနေ့တိုင်း ကျိုက်ဝိုင်းဘုရား အနီး အောင်သပြေ ရဲရိပ်သာနှင့် မ/ဥက္ကလာ ဝေဘာဂီလမ်းနှင့် ဘိုခြံမင်္ဂလာဒုံ၊ ဇေတဝန်ကျောင်း၊ ကြာသပတေးနေ့တိုင်း စမ်းချောင်း မုန့်လက်ဆောင်းကုန်း မအူပင်ကျောင်းနှင့် သမိုင်း(၁) ရပ်ကွက် ရတနာမဥ္ဇူဓမ္မရိပ်သာ၊ သောကြာနေ့တိုင်း ရွှေတိဂုံအရှေ့မုခ်၊ သိမ်ကြီးစျေးဓမ္မာရုံ နှင့် ကမာရွတ်၊ လှည်းတန်း၊ ဘုရားသုံးဆူကျောင်း၊ စနေနေ့တိုင်းတစ်ပတ်ခြား မှော်ဘီမြို့ စျေးခန်းမ နှင့်မင်းရွာ၊ တနင်္ဂနွေနေ့တိုင်း ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်တို့၌ နံနက် (၉) နာရီမှ (၁)နာရီထိဆရာဝန်များ၊ သူနာပြုဆေးပေးအဖွဲ့ အပြည့်အစုံဖြင့် နွေးထွေးစွာ ကုသပေးနေပြီဖြစ်ပါ၏။

သွားအထူးကု အစီအစဉ်ကို သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း၏ ပံ့ပိုးမှုနှင့် သွားခုံအလှူရှင် အဂ္ဂမဟာသိရီဓမ္မမဏိဇောတဓရ ဒေါက်တာမိုးတင်၊ ဒေါက်တာအိအိတင် မိသားစု၏ လှူဒါန်းမှုဖြင့် တနင်္လာ မှ စနေအထိ နေ့စဉ်၊ မွန်းလွဲ (၂:ဝဝ)နာရီမှ (၆:ဝဝ) နာရီအထိ (၁)ကြိမ် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါသည်။ စတင်ဖွင့်လှစ်သည့် (၂၈.၁၁.၀၄) မှ (၂၈.၂.၂၀၁၁) (၆ နှစ် ၃လ) ပြည့်မြောက်သည့် ယနေ့အထိ ကုသမှု ခံယူပြီး လူနာပေါင်းမှာ (နှစ်သိ်န်း ကိုးသောင်း) ကျော်ရှိပြီဖြစ်ပါသည်။

ဝေဒနာရှင် (၂၀၀) ကျော်တို့အား ဆေးကုသမှုနေ့စဉ် ကုန်ကျငွေ ( ၂၀၀, ၀၀၀) ကျပ်၊ တစ်လအတွက် ဆေးနှင့်ဆေးပစ္စည်းကုန်ကျမှု မှာ ကျပ်သိ်န်း (၇၀) ၊ အခြားဝန်ဆောင်မှုများဖြစ်သော သတင်းနှင့် ကြော်ငြာဂုဏ်ပြုမှတ်တမ်းလွှာ (၂၀) သိန်းကျပ်၊ ဝန်ထမ်း လစာ၊ မော်တော်ယာဉ် များ ထိန်းသိမ်းစရိတ် နှင့် စက်သုံးဆီ စသည်တို့၏ ကုန်ကျငွေမှာ ကျပ်(၃၀) သိန်ုး ဖြစ်၍ လစဉ်ကုန်ကျငွေမှာ ကျပ်သိန်း (၁၀၀) အထက်ရှိ ပါသည်။

ကမ္ဘာကြီးအားဓမ္မအလင်းရောင်ဖြင့် ထွန်းပြောင်စေသော သီတဂူ ဆရာတော်သည် ပကတိ မျက်လုံး အမှှောင်ဖုံး နေသူတို့အား အလင်းဓါတ် ရစိမ့်သောဌာမျက်စိခွဲစိကုသခြင်း အလင်းဒါန လုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် တပည့်ဖြစ်သော ရွှေပြည်ဟိန်း ဆရာတော်အား တိုက်တွန်းတော်မူသဖြင့် သီတဂူ ရွှေပြည်ဟိန်းစက္ခုဒါန ဆေးရုံတော်ကို ရွှေပြည်ဟိန်း ဆရာတော် နှင့် အလှူရှင်များက ကျပ်သိန်း (၂၀၀၀) ကျော် အကုန်အကျခံ တည်ဆောက် ပြီးစီးပြီဖြစ်ရာ သီတဂူဆရာတော်နှင့် တပည့် များက ကျပ်သိန်း (၁၀၀၀) ကျော် တန်ဖိုး ရှိသော ဆရာဝန်သုံးပစ္စည်းအစုံတို့ကို ပံ့ပိုးလှူဒါန်း၍ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီခ(၂၇) ရက် မှ စတင်ကာ မျက်စိ ဝေဒနာရှင် (၁၁၅) ဦးတို့အား မျက်စိအထူးကု ဆရာဝန်ကြီးများက လုပ်အားဒါနပြုကာ ခွဲစိတ် ကုသအလင်းပေးလျက် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
ရွှေပြည်ဟိန်း ဆရာတော်သည် အခြေခံလူတန်းစားတို့၏ ကျန်းမာရေးလိုအပ်ချက်ကို စွမ်းနိုင်သမျှ အဆင့်ဆင့်မြှင့်တင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ကုသိုလ်ရှင်အသီးသီးတို့မှ လိုအပ်သော အလှူတော်ငွေများကိုဖြစ်စေ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်စေ ပါ၀င်ပံ့ပိုးနိုင်ကြပါကြောင်း အခွင့်ကောင်းကိုချောင်းနေကြသည့် သူတော်ကောင်း အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။