ရွှေပြည်ဟိန်းကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ ကျိုက္ကဆံစူပါ၀မ်း၊ တာမွေလေး၊ သံလမ်းအနီး။ ဖုန်း - ၅၄၁၄၉၃၊ ဝ၉၅၁ဝ၂၁၉၇
Email: shwepyiheins@gmail.com www.shwepyihein.org

 

အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ကျန်းမာခြင်းကို ပေးအပ်နိုင်ရန် ဖွင့်လှစ် အပ်သော ရွှေပြည်ဟိန်းကုသိုလ်ဖြစ်ဆေးခန်း၌ အပတ်စဉ်အင်္ဂါ မှ တနင်္ဂနွေထိ အထွေထွေနှင့် အထူးကုသခြင်းများ ဆောင်ရွက် ခြင်းအပတ်စဉ် အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ ရက်များတွင် မျက်စိအမြင် စမ်းသပ်ခြင်း၊ ခွဲစိတ်လူနာအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေပြည်ဟိန်း ဆရာတော်နှင့်အတူ ပါဝင်ကူလျက် အထွေထွေဆေး၊ ဆေးပစ္စည်း နှင့် ဆေးပဒေသာပင်၊ အလင်းဒါနအလှူတို့ကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည့် စေတနာရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

more>>

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

Shwe Pyi Hein Kyaungလောကတွင် အကောင်းဆုံးသော လာဘ်ပိုင်ရှင်မှာ ကျန်းမာနေသူ သာဖြစ်၏ ဤသို့ရှင်တော်ဗုဒ္ဓ မြွက်ဟတော် မူသော စကားတော်ကို ဦးထိပ်ရွက်ပန်ဆင်၍ လည်းကောင်း၊ ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓ သာသနာပြု သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိသရ (D. Litt) သီတဂူဆရာတော်၏ သီတဂူဆေးရုံအလှူ၊ သီတဂူရေအလှူစသော များပြားလှသော အများအကျိုးပြု လုပ်ငန်းစဉ်တို့ကို အားကျကြည်ညို၍ လည်းကောင်း၊ တပည့်ဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ရွှေပြည်ဟိန်း ကျောင်းဆရာတော် ဓမ္မကထိက အရှင်ခေမာသီရလင်္ကာ သည် ရွှေပြည်ဟိန်း ကျန်းမာရေးယာဉ် အလှူအသင်းကို ဦးဆောင်ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိပါသည်။ ယခုအခါ ရွှေပြည်ဟိန်းဇီဝိတဒါန ကုသိုလ်ဖြစ် ဆေးခန်းကိုပါ (၂၈-၁၁-၂၀၀၄) မှစ၍ တိုးချဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါ၏။ ရွှေပြည်ဟိန်းကျောင်းတိုက် အတွင်း၌ ဗိုလ်မှူးကြီးလှသိန်း(ငြိမ်း) + ဒေါ်အေးနု(မြိတ်) မိသားစုတို့လှူဒါန်းထားသော ဆေးကုသဆောင်၌ အချိန်ပိုင်း ညနေ (၆) နာရီ မှ (၈) နာရီ ထိဖွင့်လှစ်ထားရှိမည် ဖြစ်ပါ၏။ အခြားဝေဒနာရှင်များအား ဖေးမတွဲကူ စရိတ်မျှယူသော အားဖြင့်လည်းကောင်း၊ ဆေးအပေါ် အလေးထားစေလိုသော အားဖြင့်လည်းကောင်း ၊ဆရာဝန်ကြီးများနှင့် ဝေဒနာရှင်တို့၏ ဆန္ဒအရ ဆေးဖိုးအနည်းငယ် လှူဒါန်းသည်ကို လက်ခံပါသည်။ အခြားအလှူရှင်တို့၏ ပံ့ပိုးမှုအစီအစဉ်ကို မိမိတို့၌အသင့်ရှိသော ဆေးဝါးလှူဒါန်းခြင်းဖြင့် အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ကျန်းမာခြင်းကိုပေးအပ်ကြပါစို့။ Shwe Pyi Hein Kyaung Medical Centerလောကတွင် အကောင်းဆုံးသော လာဘ်ပိုင်ရှင်မှာ ကျန်းမာနေသူ သာဖြစ်၏ ဤသို့ရှင်တော်ဗုဒ္ဓ မြွက်ဟတော် မူသော စကားတော်ကို ဦးထိပ်ရွက်ပန်ဆင်၍ လည်းကောင်း၊ ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓ သာသနာပြု သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိသရ (D. Litt) သီတဂူဆရာတော်၏ သီတဂူဆေးရုံအလှူ၊ သီတဂူရေအလှူစသော များပြားလှသော အများအကျိုးပြု လုပ်ငန်းစဉ်တို့ကို အားကျကြည်ညို၍ လည်းကောင်း၊ တပည့်ဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ရွှေပြည်ဟိန်း ကျောင်းဆရာတော် ဓမ္မကထိက အရှင်ခေမာသီရိလကာင်္ သည် ရွှေပြည်ဟိန်း ကျန်းမာရေးယာဉ် အလှူအသင်းကို ဦးဆောင်ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိပါသည်။ ယခုအခါ ရွှေပြည်ဟိန်းဇီဝိတဒါန ကုသိုလ်ဖြစ် ဆေးခန်းကိုပါ (၂၈-၁၁-၂၀၀၄) မှစ၍ တိုးချဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါ၏။ ရွှေပြည်ဟိန်းကျောင်းတိုက် အတွင်း၌ ဗိုလ်မှူးကြီးလှသိန်း(ငြိမ်း) + ဒေါ်အေးနု(မြိတ်) မိသားစုတို့လှူဒါန်းထားသော ဆေးကုသဆောင်၌ အချိန်ပိုင်း ညနေ (၆) နာရီ မှ (၈) နာရီ ထိဖွင့်လှစ်ထားရှိမည် ဖြစ်ပါ၏။ အခြားဝေဒနာရှင်များအား ဖေးမတွဲကူ စရိတ်မျှယူသော အားဖြင့်လည်းကောင်း၊ ဆေးအပေါ် အလေးထားစေလိုသော အားဖြင့်လည်းကောင်း ၊ဆရာဝန်ကြီးများနှင့် ဝေဒနာရှင်တို့၏ ဆန္ဒအရ ဆေးဖိုးအနည်းငယ် လှူဒါန်းသည်ကို လက်ခံပါသည်။ အခြားအလှူရှင်တို့၏ ပံ့ပိုးမှုအစီအစဉ်ကို မိမိတို့၌အသင့်ရှိသော ဆေးဝါးလှူဒါန်းခြင်းဖြင့် အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ကျန်းမာခြင်းကိုပေးအပ်ကြပါစို့။
နှစ်ထောင်စွန်းနှစ်၊ ထောင်စုသစ်တွင်
ရွှေပြည်တော်ဟိန်း၊ အေးငြိမ်းပြင်ဆင်
ဇီဝိတဒါန ပြုကြရာတွင်
ပြည်သူများ၊ ထူးခြားကုသိုလ်ပင်
ရွှင်ပြုံးပြုး၊ အားလုံးပါစေချင်
မော်ကွန်းထိုး၊တန်ခိုးကြီးဖို့ပြင်
Shwe Pyi Hein Kyaung Medicak Center ရှင်တော်ဗုဒ္ဓသည် အလောင်းအလျာ ဘဝများစွာတွင် ဗုဒ္ဓ ဖြစ်စေနိုင်သော လောကတ္ထစရိယ လူမှုရေး အကျိုးပြု လုပ်ငန်းတို့ကို ဆောင်ရွက်တော် မူခဲ့ရသော်လည်း ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ၌မူ ခန္ဓာဒုက္ခမှ လွတ်စေရန် တရားဆေး တိုက်ကျွေးတော် မူခြင်းကို အဓိက ဆောာင်ရွက်တော် မူခဲ့ပါသည်။ မျက်မှောက်ခေတ်တွင် ဗုဒ္ဓသာသနာတော်ကို ကမ္ဘာ ပျံ့အောင် ဆောင်ရွက်တော်မူသော သီတဂူ ဆရာတော်သည် သီတဂူ အာယုဒါန လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းမှာ အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် အားတက် ဖွယ်ရာများ ဖြစ်ပါသည်။ သီတဂူကြာတစ်ပွင့်ဖြစ်သောရန်ကင်းပြည်သာယာ ရွှေပြည်ဟိန်းကျောင်း ဆရာတော် ပိဋကတစ်ပုံခွဲဆောင် အရှင်ခေမာသိရီလင်္ကာရ သည်သီတဂူဆရာအရှင် လျှောက်လှမ်းပြသော ခြေလှမ်းအတိုင်း စွမ်းနိုင်သမျှအမှီ လိုက်သောအားဖြင့် ရွှေပြည်ဟိန်းကျောင်းတွင်း၌ (၂၈.၁၁.၀၄) မှ စတင်ကာ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ်၍ အာယုဒါနပြုလုပ်နေပြီ ဖြစ်ပါ၏။ ကုသိုလ်ရှင် အသီးသီးတို့၏ သဒ္ဓါစေသနာ၊ ရွှေပြည်ဟိန်း ဆရာတော်၏ ဂရုဏာ၊ ဆရာဝန်တို့၏ မေတ္တာဖြင့် မကျန်းမာ၍ ပင်ပန်းရှာကြသော ဝေသနာရှင် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး အားလုံးတို့အား စမ်းသပ်ခ ဆေးဝါးခမယူဘဲ ကုသိုလ်ဖြစ် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါ၏။ စတင်ဖွင့်စဉ်က အထွေထွေဆရာဝန် (၁)ဦးဖြင့် နေ့စဉ် ညနေ (၆) နာရီ မှ (၈) နာရီထိသာ ဆောင်ရွက်နိုင်သော်လည်း ဆရာတော်၏ လုပ်ငန်းကိုသိရှိလာကြ၍ အထူးကု ဆရာဝန်ကြီးများကပါ ဆက်သွယ်အကူအညီ ပေးလာကြသဖြင့် အချိန်နှင့် ဆရာဝန်ဦးရေ တိုးမြှင့်ကာ ကင်ဆာအထူးကု၊ အမျိုးသမီးအထူးကု၊ ကလေးအထူးကုများပါ တိုးချဲ့၍ ညနေ (၄) နာရီမှ (၈) နာရီထိ ဆောင်ရွက်နေပြီဖြစ်ပါ၏ စတင်ဖွင့်လှစ်သည်မှ ယနေ့ (၂၅.၆.၀၆) ထိ ကုသပြီး လူနာပေါင်းမှာ (၁၅၃၀၀) ရှိပြီဖြစ်ပါသည်။
Next
 
Powered by SolvewareSolution