ရွှေပြည်ဟိန်းကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ ကျိုက္ကဆံစူပါ၀မ်း၊ တာမွေလေး၊ သံလမ်းအနီး။ ဖုန်း - ၅၄၁၄၉၃၊ ဝ၉၅၁ဝ၂၁၉၇
Email: shwepyiheins@gmail.com www.shwepyihein.org

 

အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ကျန်းမာခြင်းကို ပေးအပ်နိုင်ရန် ဖွင့်လှစ် အပ်သော ရွှေပြည်ဟိန်းကုသိုလ်ဖြစ်ဆေးခန်း၌ အပတ်စဉ်အင်္ဂါ မှ တနင်္ဂနွေထိ အထွေထွေနှင့် အထူးကုသခြင်းများ ဆောင်ရွက် ခြင်းအပတ်စဉ် အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ ရက်များတွင် မျက်စိအမြင် စမ်းသပ်ခြင်း၊ ခွဲစိတ်လူနာအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေပြည်ဟိန်း ဆရာတော်နှင့်အတူ ပါဝင်ကူလျက် အထွေထွေဆေး၊ ဆေးပစ္စည်း နှင့် ဆေးပဒေသာပင်၊ အလင်းဒါနအလှူတို့ကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည့် စေတနာရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

more>>
၁၃၁၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၁) ရက်၊ တနင်္လာနေ့၊ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင်စစ်ကိုင်းတိုင်း၊ ကန့်တလူမြို့နယ်၊ ဦးကံကြီး + ဒေါ်ခင်တို့မှ ဖွားမြင်သည်။ ၁၁ နှစ်သားအရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်သည်။ (၁၅) နှစ် သားအရွယ်တွင် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် သို့ရောက်ရှိ၍ ဘာသာဋီကာကျမ်းပြုအကျော်ဆရာတော်ကြီး၏ စာပေ သင်ကြားနည်းဖြင့် ပရိယတ္တိဆည်းပူးခဲ့သည်။
၁၃၃၆ ခုနှစ်။ (၁၈) နှစ်သားအရွယ်တွင် မန္တလေးမြို့၊ ပရိယတ္တိသာသနာ့ဟိတ အသင်းကြီးမှ ကျင်းပသော သာသနာလင်္ကာရ သာမဏေ (သကျသီဟ) စာမေးပွဲ၌ သုံးဆင့်လုံးအောင်မြင်ပြီးဆီး၍ သာသနာလင်္ကာရ သာမဏေကျော် ဘွဲ့တံဆိပ်ရရှိခဲ့သည်။ သာမဏေဘဝဇြင့် ပထမပြန်စာမေးပွဲ၊ ငယ်-လတ်-ကြီး သုံးလုံးတန်းကို ပါဠိဘာသာဖြင့် အထူးအောင်မြင်ခဲ့သည်။ ၁၃၃၈ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၂) ရက်၊ ၁၉၇၆ ခုနှစ်၊ မေလတွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။
၁၃၃၈ ခုနှစ်၊ အသက်(၂၀) အရွယ် ရဟန်းဖြစ်စတွင်တိပိဋကဓရ ရွေးချယ်ပွဲ၌ ပိဋကတစ်ပုံအာဂုံဆောင် အောင်မြင်ခဲ့သည်။ အမရပူရမြို့၊ မဟာဂန္ဓရုံတိုက်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်တို့၌ ပရိယတ္တိဆည်းပူးခဲ့ပြီး ရန်ကုန်မြို့၊ ရန်ကင်း၊ ကံဘဲ့ဘူတာလမ်း၊ ပဉ္စနိကာယ သာသနဗိမာန်တော်ကြီးကို တည်ထောင်ရာတွင်ပါဝင်ခဲ့သည်။ တိပိဋကဓရ (ပြည်) ဆရာတော် ဦးကောသလ္လ၏ ချီးမြောက်မှုဖြင့် တရားဟောပလ္လင်သို့ စတင်ရောက်ခဲ့သည်။
၁၃၄၆ ခုနှစ်၊ ၁၉၈၄ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၊ ရွှေကျောင်းဆရာတော်အဖြစ် တင်မြှောက်ခြင်းခံယူ၍ သီတဂူဆရာတော်၏ ချီးမြောက်မှုဖြင့် မြန်မာနိုင်ငံအနှံ ဓမ္မပလ္လင်များသို့တက်ရောက်ကာ သီတဂူရေအလှူနှင့် မလွန်ဆန်လှူတရားပွဲများ ဟောကြားခဲ့သည်။
၁၉၉၂ ခုနှစ်မှစ၍ သီတဂူဆရာတော်၏ ခေါ်ဆောင်မှုဖြင့် ပြည်ပနိုင်ငံများသို့ရောက်ရှိပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ နီပေါ၊ ဂျပန်၊ အမေရိကန်နိုင်ငံများသို့ အကြိမ်ကြိမ်ကြွရောက်ခဲ့သည်။ အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏အထံမှ ပရဟိတစိတ်ဓါတ် မျိုးစေ့ရရှိခဲ့ပြီး လက်တွေ့လျှောက်လှမ်းပြသော သီတဂူဆရာတော်၏ ခြေလှမ်းအတိုင်း စွမ်းနိုင်သမျှ အမှီလိုက်ကာ ပရဟိတလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။
၁၉၉၅ ခုနှစ်မှစ၍ စစ်ကိုင်းတောင်တန်း၊ ဧရာဝတီမြစ်ကမ်း၊ (စစ်ကိုင်း၊ မင်းကွန်း) ကားလမ်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့၊ ရန်င်း၊ ရွှေပြည်ဟိန်းကျောင်း ဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံယူသည်။ ၂၀၀၁ ခုနှစ်မှစ၍ ကျန်းမာရေး၊ ယာဉ်အလှူလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှစ၍ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ အမြင့်မားဆုံးသော မဟာဓမ္မ ကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ခံယူခဲ့သည်။
 
Powered by SolvewareSolution