 |
|
|
မျက်စိခွဲစိတ်ကုသခံယူမည့်သူများလိုက်နာရန်အချက်အလက်များ
အပိုင်း(က) မခွဲစိတ်မှီလိုက်နာရမည့်အချက်များ
|
|
၁။ မျက်စိခွဲစိတ်ကုသမှု ခံယူမည့်သူများသည် ဆီးချို၊ သွေးတိုးနှင့် အခြားရောဂါများရှိလျှင် ကြိုတင်ပြော၍ လိုအပ်သောကုသမှု ခံယူထားရန်။
၂။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုတွင် ပြည်တည်သောအနာများ တစ်ခုခုရှိပါက ကြိုတင်ပြောပြ၍ ကုသမှုခံယူထားရန်။ ဦးခေါင်းပိုင်းအတွင်းရှိသော ပြည်တည်သောအနာဆိုလျှင် ပို၍အရေးကြီးပါသည်။ ဥပမာ….နားပြည်ယိုနေခြင်း၊ သွားဖုံး၌ပြည်တည်နေခြင်း။
၃။ မခွဲစိတ်မီ တစ်ရက်အလိုနှင့် ခွဲမည့်နေ့ နံနက်တွင် ခန္ဓကိုယ်အစိတ်ပိုင်းအားလုံးကို ကာဘောလစ်ဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောရေချိုးရန်။
၄။မခွဲစိတ်မီ တစ်ရက်အလိုတွင် ဆံပင်ရှည်သူများဆံပင်ညှပ်လာရန်နှင့် ခေါင်းလျှော်ခြင်းပြုခဲ့ကြပါရန်။ (ခွဲစိတ်ပြီး တစ်လအထိ ခေါင်းမလျှော်ရ၊ ဆံပင်မညှပ်ရ၊ ပျက်စိထဲရေမ၀င်ရဟု သတ်မှတ်ထားသဖြင့် မျက်စိခွဲစိတ်ပြီးမှ ဆံပင်ညှပ်ခြင်းမျိုး၊ ခေါင်းရိတ်ခြင်းမျိုးမရှိေညှပ်လာရန်နှင့် ခေါင်းလျှော်ခြင်းပြုခဲ့ကြပါရန်။
၅။ ခွဲစိတ်ရမည့်နေ့ နံနက်တွင် မိမိကြိုက်နှစ်သက်ရာအစာတစ်ခုခုကို စားလာရမည်။ (အစာမစားဘဲ လုံး၀မလာရ)
|
အပိုင်း(က) မခွဲစိတ်မှီလိုက်နာရမည့်အချက်များ
|
|
၁။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူ၍ စိတ်အာရုံကိုတစ်ခုခုတွင်စူးစိုက်ထားပါ။
၂။ ခွဲစိတ်နေစဉ် တစ်ဖက်မျက်စိအားအတင်းညှစ်ပိတ်ထားခြင်းမပြုရ၊ တစ်ဖက်မျက်စိကို မှိတ်ရုံလေးမှိတ်ထားရမည်။ မခွဲစိတ်သည့်မျက်စိဖြင့် ဟိုကြည့်ဒီကြည့် မျက်စိမကစားရ။
၃။ ဦးခေါင်းကို ဆရာ၀န်ထားသည့် အနေအထားအတိုင်းထားရမည်။ ဟိုစောင်းဒီစောင်း ဘယ်ရွှေ့ညာရွှေ့ရွှေ့လျားခြင်းမပြုရ။
၄။ ကိုယ်ခန္ဓာကိုပြေလျော၍ သက်တောင့်သက်သာနေရမည်။ အံကိုကြိတ်၍ ဇက်ကြောတွေတင်းနေအောင်တောင့်ထားခြင်းမပြုရ။
၅။ ခွဲစိတ်သည့်ထုံဆေးဖြင့် ခွဲစိတ်ခြင်းဖြစ်သဖြင့် ခွဲစိတ်ခြင်းကို သိနေရမည်ဖြစ်ပါသည်။ (မခံမရပ်အောင် နာကျင်ပါကသည်းခံမနေဘဲ ဖွင့်ပြေရန် လိုအပ်ပါသည်။)
|
အပိုင်း(ဂ) ခွဲစိတ်ပြီးလိုက်နာရမည့်အချက်များ
|
|
၁။ မျက်စိခွဲစိတ်ထားသူတစ်ဦးသည် ခွဲစိတ်ပြီးတစ်ပတ်အတွင်း မည်သည့်အလုပ်ကိုမှ အရင်လူကောင်းတစ်ဦးကဲ့သို့ သွက်သွက်လက်လက် ဖျက်ဖျက်လတ်လတ်မလုပ်ရ။ ထိုင်ခြင်း၊ထခြင်းကအစ ဖြည်းဖြည်းသက်သာပြုမူရမည်။
၂။ မျက်စိခွဲပြီးချိန်တွင် ညွှန်ကြားထားသော စားဆေးများကို တိကျစွာစားသုံးရန်လိုပါသည်။ ခွဲစိတ်ပြီးထည့်ရန် ညွှန်ကြားထားသည့်ဆေးများကိုဆေးထည့်ပေးမည့်သူကလက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောပြီးထည့်ပေးရမည်။
မျက်စဉ်းဆေးကိုခွဲစိတ်ပြီးသည့်နေ့မှစ၍ တစ်လခန့်ဆရာ၀န်ညွှန်ကြားသည့်အတိုင်းမပြတ်ခတ်ရန် လိုအပ်ပါသည်။
၃။ ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အခြားနဂိုရောဂါအခံ ရှိသူများအတွက် ယခင်ညွှန်ကြားထားသော ဆေးများကို ခွဲစိတ်ပြီးစဉ် ၌လည်း ယခင်အတိုင်းဆက်လက်သုံးဆောင်နေရပါမည်။
၄။ ခွဲစိတ်ပြီးချိန်တွင် မည်သည့်အစားအစာမဆို ကိုယ်နှင့်သင့်တော်သလို စားသုံးနိုင်သည်။ ဆီးချိုရောဂါ ရှိသူများ၌ အချိုကိုလုံး၀ရှောင်ရပါမည်။
၅။ ခွဲစိတ်ထားပြီးချိန်မှ အနည်းဆုံးတစ်လအတွင်း အလေးအပင်မခြင်း မပြုရ၊ ကလေးမချီရ၊ ကုန်းကုန်းကွကွမလုပ်ရ၊ ကစားခုန်ကစားမလုပ်ရ၊ ခေါင်းမငုံ့ရ။
၆။ မျက်နှာသစ်ခြင်း၊ ခေါင်းရေလောင်းချိုးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ခေါင်းလျှော်ခြင်းတိုကို ခွဲစိတ်ပြီး အနည်းဆုံးတစ်လခန့်ကြာမှ ပြုလုပ်သင့်ပါသည်။
|
| Next |
|
|
 |