ရွှေပြည်ဟိန်းကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ ကျိုက္ကဆံစူပါ၀မ်း၊ တာမွေလေး၊ သံလမ်းအနီး။ ဖုန်း - ၅၄၁၄၉၃၊ ဝ၉၅၁ဝ၂၁၉၇
Email: shwepyiheins@gmail.com www.shwepyihein.org

 

အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ကျန်းမာခြင်းကို ပေးအပ်နိုင်ရန် ဖွင့်လှစ် အပ်သော ရွှေပြည်ဟိန်းကုသိုလ်ဖြစ်ဆေးခန်း၌ အပတ်စဉ်အင်္ဂါ မှ တနင်္ဂနွေထိ အထွေထွေနှင့် အထူးကုသခြင်းများ ဆောင်ရွက် ခြင်းအပတ်စဉ် အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ ရက်များတွင် မျက်စိအမြင် စမ်းသပ်ခြင်း၊ ခွဲစိတ်လူနာအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေပြည်ဟိန်း ဆရာတော်နှင့်အတူ ပါဝင်ကူလျက် အထွေထွေဆေး၊ ဆေးပစ္စည်း နှင့် ဆေးပဒေသာပင်၊ အလင်းဒါနအလှူတို့ကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည့် စေတနာရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

more>>
 


သီတဂူ ရာတော်ကြီး လမ်းညွှန်မှုဖြင့် လစဉ်အလင်းဒါနပြုလုပ်လျှက်ရှိသော သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံ၌အပတ်စဉ် အင်္ဂါ ၊ ဗုဒ္ဒဟူး ၊ ကြာသာပတေး ၊ သောကြာ ရက်များတွင် မျက်စိအမြင် စမ်းသပ်ခြင်း ၊ခွဲစိတ်လူနာ အတည်ပြုခြင်း များဆောင်ရွက်လျက်ရှိရာ ဆေးပဒေသာပင်၊ အလင်းဒါနအလှူ တို့ကို ပါ၀င်လှူဒါန်းနိုင်ကြပါကြောင်း စေတနာရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။
ရွှေပြည်ဟိန်းကျောင်း ၊ ၁၆ ရပ်ကွက် ၊ ပြည်သာယာ၊ ရန်ကင်း (တာမွေလေးသံလမ်း)
ဖုန်း၅၄၁၄၉၃ ၊ ၀၉၇၃၀၅၆၅၆၉

 


သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် လစဉ်အလင်းဒါန ပြုလုပ်လျက်ရှိသော သီတဂူရွှေပြည်ဟိန်းစက္ခုဒါန ဆေးရုံ ၌ လုပ်အားဒါနရှင်အထူးကုဆရာ၀န်ကြီးများ၊ သူနာပြုများ၊ အထူးဧည့်သည်တော်များ၊ နားနေနိုင်ရန် ၊ (၄)ထပ်နားနေဆောင် နှင့် (တက်လမ်းအလှူ) ဓါတ်လှေကားတည်ဆောက်လျှက်ရှိ်ရာ ပင်မအလှူတော် (၅)သိန်းကျပ်ဖြင့် ကမည်းထိုး၍ ပါ၀င်လှူဒါန်းနိုင်းပါကြောင်း အခွင့်ကောင်းစောင့်ဆိုင်းနေကြသည့် စေတနာရှင် အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

 


ဓမ္မအလင်းရောင်ဖြင့် ထွန်းပြောင်စေသော သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်၌ (၉-ကြိမ်) အထိ မျက်စိဝေဒနာရှင် (၁၀၀၅) ဦးတို့အား အလင်းဒါန ပြုလုပ်ပြီးဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် ၊မတ်လ (၁၀၊၁၁ )ရက်များတွင် ပါမောက္ခ Dr မြအောင်(ငြိမ်း) အမှူးပြုသော မျက်စိအထူးကု ဆရာ၀န်ကြီးများ၏ လုပ်အားဒါနဖြင့် မျက်စိဝေဒနာရှင် များအား (၁၀) မြောက် (ဦးရေ ၁၁၀၀ ပြည့်) အလင်းဒါန ပေးလှူမည်ဖြစ်ကြောင်း စေတနာရှင်အပေါင်း တိုအား သတင်းကောင်းပါးအပ် ပါသည်။

 

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

 
Powered by SolvewareSolution