 |
|
|
 |
| |
 |
| |
|
၁။ ငါဘုရားကို ချစ်ကြည်ညို၍ ပြုစုလိုငြား အိုချစ်သားတို့၊ ကြင်နာယုယ ဂီလာနကို ငါ့အားနည်းတူ ဖေးမကူကာ ပြုစုပါလော့။
၂။ ချစ်သားတို့ သင်တို့အနီးမှာ မိဘများ မရှိကြပေ၊ နာမကျန်း သူကို အချင်းချင်းကမှ မပြုစုလျှင် မည်သူက ပြုစုမည်နည်း။
၃။ ချစ်သားတို့ လောက၌ အကောင်းဆုံးသော လာဘ်ပိုင်ရှင်မှာ ကျန်းမာနေသူသာဖြစ်၏။
၄။ ချစ်သားတို့ အိမ်ရာထောင်၍ နေသူတို့သည် သင်တို့အပေါ်၌ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့နေသည့် အတွက် အိမ်ရာထောင်သူတို့နှင့် သင်တို့သည် အပြန်အလှန် ကျေးဇူးရှိကြသဖြင့် အချင်းချင်းအမှီရ၍ ဒုက္ခမှ လွတ်မြောက်ကြစေ ကုန်ရာ၏ ကျေးဇူးများကုန်၏
အထက်ဖော်ပြပါ စကားရပ်များမှာ ရှင်တော်မြတ်ဗုဒ္ဓဘုးရား၏ နှုတ်တော်မှ ထုတ်ဖော်မိန့်တော်မူသော စကားတော် ဖြစ်ပါသည်။ ရှင်တော်ဗုဒ္ဓသည် အပြောမဟုတ် အလုပ်ကို လက်တွေ့ပြသောအားဖြင့် အနားမကပ်ချင်လောက်အောင် ပုပ်ဟောင်နေသော ဂီလာနသံဃာအား ကိုယ်တိုင်ပင် ပြုစု၍ ယုယမှု ပေးတော် မူခဲ့သည်။
ရှင်တော်ဗုဒ္ဓသည် အလောင်းအလျာဘဝ များစွာတွင် ဗုဒ္ဓဖြစ်စေနိုင်သော လောကတ္တစရိယ လူမှုရေး အကျိုးပြုလုပ်ငန်း တို့ကို ဆောင်ရွက်တော်မူခဲ့သော်လည်း ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ၌မူ ခန္ဓာ ဒုက္ခမှ လွတ်စေရန် တရားဆေး တိုက်ကျွေးတော် မူခြင်းကို အဓိက ဆောင်ရွက်တော်မူခဲ့ပါသည်။
|
| |
|
|
 |