 |
|
|
|
|
 |
ယာဉ်ဖြင့်-တင်ဆောင်လှူခြင်းသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကို လှူသည်မည်၏။ ဤသို့ ရှင်တော်ဗုဒ္ဓ မိန့်တော်မူသော စကားတော်ကို ဦးထိပ်ပန်ဆင်၍ လည်းကောင်း၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် (Doctor of Latter's (Honoriscausa) အရှင်ဉာဏိသရ၏ သီတဂူဆေးရုံအလှူ- သီတဂူရေအလှူစသော များပြားလှသော အများအကျိုးပြု လုပ်ငန်းစဉ်တို့ကို အားကျကြည်ညို၍ လည်ကောင်း တပည့်ဖြစ်သူ ရန်ကုန်မြို့၊ ရန်ကင်း၊ ရွှေပြည်ဟိန်းဆရာတော် ဓမ္မကထိက အရှင်ခေမာသိရီလင်္ကာရ ဦးဆောင်ဖွဲ့စည်းသော ရွှေပြည်ဟိန်းကျန်းမာရေး၊ ယာဉ်အလှူအသင်းမှ လူမျိုး သာသနာမရွေး ကြုံတွေ့ရသော မကျန်းမာမူ ဒုက္ခအစုကို ကူညီသောအားဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း လူနာများအား ကားဂိတ်၊ ဘူတာရုံ သဘောဆိပ်သို့ကြိုဆို၍ တက်ရောက်မည့် ဆေးရုံ၊ ဆေးခန်းများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်လှူခြင်း ပြုနေပါသည် သို့ဖြစ်ပါ၍ ဆရာတော်နှင့်အတူ ပါ၀င်ကူလျှက် ယာဉ်အလှူ ဒါနပြုကြပါစို့။

ပါ၀င်ပံ့ပိုး လှူဒါန်းလိုသော ကုသိုလ်ရှင်များသည် ယာဉ်တစ်ခေါက် အလှူတော်အတွက် ပါ၀င်၍ဖြစ်စေ၊ ယာဉ်စီးရေတိုးချဲ့ ၀ယ်ယူရန်နှင့် ပြုပြင်ထိန်းသိမ်းရန် ပင်မ အလှူတော်ငွေကိုဖြစ်စေ၊ ယာဉ်အလှူလုပ်ငန်း အတွက် ပစ္စည်းအလှူဖြစ်သည့် ယာဉ်တစ်စီးလုံးကိုဖြစ်စေ၊ စက်သုံးဆီများကိုဖြစ်စေ ရွှေပြည်ဟိန်း ကျန်းမာရေး ယာဉ်အလှူအသင်းသို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။
နှစ်ထောင်စွန်းနှစ်၊ ထောင်စုသစ်တွင်
ရွှေပြည်တော်ဟိန်း၊ အေးငြိမ်းပြင်ဆင်
ယာဉ်လှူဒါန၊ ပြုကြရာတွင်
ပြည်သူများ၊ ထူးခြားကုသိုလ်ပင်
ရွှင်ပြုံးပြုံး၊ အားလုံးပါစေချင်
မော်ကွန်းထိုး၊တန်ခိုးကြီးဖို့ပြင်
ယာဉ်ကိုလှူလျှင် အလှူရှင် အစဉ်ကိုယ်စိတ် ချမ်းသာမှာ ဗုဒ္ဓဘုရား ဟောမိန့်ကြား မှတ်သားစရာ။
|
|
|
 |