ရွှေပြည်ဟိန်းကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ ကျိုက္ကဆံစူပါ၀မ်း၊ တာမွေလေး၊ သံလမ်းအနီး။ ဖုန်း - ၅၄၁၄၉၃၊ ဝ၉၅၁ဝ၂၁၉၇
Email: shwepyiheins@gmail.com www.shwepyihein.org

 

အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ကျန်းမာခြင်းကို ပေးအပ်နိုင်ရန် ဖွင့်လှစ် အပ်သော ရွှေပြည်ဟိန်းကုသိုလ်ဖြစ်ဆေးခန်း၌ အပတ်စဉ်အင်္ဂါ မှ တနင်္ဂနွေထိ အထွေထွေနှင့် အထူးကုသခြင်းများ ဆောင်ရွက် ခြင်းအပတ်စဉ် အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ ရက်များတွင် မျက်စိအမြင် စမ်းသပ်ခြင်း၊ ခွဲစိတ်လူနာအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေပြည်ဟိန်း ဆရာတော်နှင့်အတူ ပါဝင်ကူလျက် အထွေထွေဆေး၊ ဆေးပစ္စည်း နှင့် ဆေးပဒေသာပင်၊ အလင်းဒါနအလှူတို့ကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည့် စေတနာရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

more>>
 


သီတဂူ ရာတော်ကြီး လမ်းညွှန်မှုဖြင့် လစဉ်အလင်းဒါနပြုလုပ်လျှက်ရှိသော သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံ၌အပတ်စဉ် အင်္ဂါ ၊ ဗုဒ္ဒဟူး ၊ ကြာသာပတေး ၊ သောကြာ ရက်များတွင် မျက်စိအမြင် စမ်းသပ်ခြင်း ၊ခွဲစိတ်လူနာ အတည်ပြုခြင်း များဆောင်ရွက်လျက်ရှိရာ ဆေးပဒေသာပင်၊ အလင်းဒါနအလှူ တို့ကို ပါ၀င်လှူဒါန်းနိုင်ကြပါကြောင်း စေတနာရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။
ရွှေပြည်ဟိန်းကျောင်း ၊ ၁၆ ရပ်ကွက် ၊ ပြည်သာယာ၊ ရန်ကင်း (တာမွေလေးသံလမ်း)
ဖုန်း၅၄၁၄၉၃ ၊ ၀၉၇၃၀၅၆၅၆၉

 


သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် လစဉ်အလင်းဒါန ပြုလုပ်လျက်ရှိသော သီတဂူရွှေပြည်ဟိန်းစက္ခုဒါန ဆေးရုံ ၌ လုပ်အားဒါနရှင်အထူးကုဆရာ၀န်ကြီးများ၊ သူနာပြုများ၊ အထူးဧည့်သည်တော်များ၊ နားနေနိုင်ရန် ၊ (၄)ထပ်နားနေဆောင် နှင့် (တက်လမ်းအလှူ) ဓါတ်လှေကားတည်ဆောက်လျှက်ရှိ်ရာ ပင်မအလှူတော် (၅)သိန်းကျပ်ဖြင့် ကမည်းထိုး၍ ပါ၀င်လှူဒါန်းနိုင်းပါကြောင်း အခွင့်ကောင်းစောင့်ဆိုင်းနေကြသည့် စေတနာရှင် အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

 


ဓမ္မအလင်းရောင်ဖြင့် ထွန်းပြောင်စေသော သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်၌ (၉-ကြိမ်) အထိ မျက်စိဝေဒနာရှင် (၁၀၀၅) ဦးတို့အား အလင်းဒါန ပြုလုပ်ပြီးဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် ၊မတ်လ (၁၀၊၁၁ )ရက်များတွင် ပါမောက္ခ Dr မြအောင်(ငြိမ်း) အမှူးပြုသော မျက်စိအထူးကု ဆရာ၀န်ကြီးများ၏ လုပ်အားဒါနဖြင့် မျက်စိဝေဒနာရှင် များအား (၁၀) မြောက် (ဦးရေ ၁၁၀၀ ပြည့်) အလင်းဒါန ပေးလှူမည်ဖြစ်ကြောင်း စေတနာရှင်အပေါင်း တိုအား သတင်းကောင်းပါးအပ် ပါသည်။

Shwe Pyi Hein Kyaung
၁။ ငါဘုရားကို ချစ်ကြည်ညို၍ ပြုစုလိုငြား အိုချစ်သားတို့၊ ကြင်နာယုယ ဂီလာနကို ငါ့အားနည်းတူ ဖေးမကူကာ ပြုစုပါလော့။
၂။ ချစ်သားတို့ သင်တို့အနီးမှာမိဘများ မရှိကြပေ၊ နာမကျန်း သူကို အချင်းချင်းကမှ မပြုစုလျှင် မည်သူက ပြုစုမည်နည်း။
၃။ ချစ်သားတို့ လောက၌ အကောင်းဆုံးသော လာဘ်ပိုင်ရှင်မှာ ကျန်းမာနေသူသာဖြစ်၏။
၄။ ချစ်သားတို့ အိမ်ရာထောင်၍ နေသူတို့သည် သင်တို့အပေါ်၌ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့နေသည့်အတွက်အိမ်ရာထောင်သူတို့နှင့် သင်တို့သည် အပြန်အလှန်ကျေးဇူးရှိကြသဖြင့် အချင်းချင်းအမှီရ၍ ဒုက္ခမှလွတ်မြောက်ကြစေကုန်ရာ၏ ကျေးဇူးများကုန်၏
   
More
   
More
   
နေရမည့်ရက်တွေ များတယ်ထင်ပြီး ရွှေနဲ့စက်လို့ဝယ်မရနိုင်တဲ့ အချိန်နဲ့ နေ့ရက်တွေကို အကျိုးမဲ့မကုန်ဆုံးစေသင့်ပါ။ ရခဲလှ သောလူ့ဘဝကိုရသည့်အခိုက်ဘဝတန်ဖိုး မြင့်မားစေဖို့ သတိဖြင့် အချိန်တိုင်း ထိန်းချုပ်ကာ မိမိသူတစ်ပါး အကျိုးများအောင် ဆောင်ရွက်ပါဟု မွန်မြတ်ကရုဏာဖြင့် ညွှန်ပြအပ်ပါသည်။
   
(၇၅)နှစ်အတွင်း နေခွင့်ရသည့်ရက်ပေါင်းမှာ (၂၇၃၇၅) ဖြစ်ပါသည်။
   
 
More
လောကတွင် အကောင်းဆုံးသော လာဘ်ပိုင်ရှင်မှာ ကျန်းမာနေသူသာဖြစ်၏ ဤသို့ရှင်တော်ဗုဒ္ဓ မြွက်ဟတော်မူသော စကားတော်ကို ဦးထိပ်ပန်ဆင်၍ လည်းကောင်း၊ ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင် ဉာဏိသ၁ရ ( D.Litt ) သီတဂူဆရာတော်၏ သီတဂူဆေးရုံအလှူ ၊ သီတဂူ ရေအလှူ စသောများ ပြားလှသောအများအကျိုးပြုလုပ်ငန်းစဉ်တို့ကိုအားကျကြည်ညို၍ လည်းကောင်း .......
   
More

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

   

မျက်စိခွဲစိတ် ကုသခံယူမည့်သူများ လိုက်နာရန် အချက်အလက်များ

Shwe Pyi Hein Kyaung
၁။ မျက်စိခွဲစိတ်ကုသမှု ခံယူမည့်သူများသည် ဆီးချို၊ သွေးတိုးနှင့် အခြားရောဂါများရှိလျှင် ကြိုတင်ပြော၍ လိုအပ်သောကုသမှု ခံယူထားရန်။
၂။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုတွင် ပြည်တည်သောအနာများ တစ်ခုခုရှိပါက ကြိုတင်ပြောပြ၍ ကုသမှုခံယူထားရန်။ ဦးခေါင်းပိုင်းအတွင်းရှိသော ပြည်တည်သောအနာဆိုလျှင် ပို၍အရေးကြီးပါသည်။ ဥပမာ….နားပြည်ယိုနေခြင်း၊ သွားဖုံး၌ပြည်တည်နေခြင်း။
More
ရန်ကုန်မြို့၊ ရန်ကင်း၊ ရွှေပြည်ဟိန်းဆရာတော် ဓမ္မကထိကအရှင်ခေမာသိရီလင်္ကာရ ဦးဆောင်ဖွဲ့စည်းသော ရွှေပြည်ဟိန်းကျန်းမာရေး၊ ယာဉ်အလှူအသင်းမှ လူမျိုးဘာသာမရွေးကြုံတွေ့ရသော မကျန်းမာမှု ဒုက္ခအစုစုကို ကူညီသောအားဖြင့် .........
More
   
Powered by SolvewareSolution